Wednesday, January 30, 2013

အဝေးတစ်နေရာ

အရမ်းလွမ်းလို့ မျှော်မိပါတယ်
တစ်မနက်ရောက်တိုင်း
ပြန်ရမယ့်ရက်လက်ချိုးကာရေ
ခုနေခါဝေးနေရ အမေကမေးတယ်
ငါ့သားဟိုမှာပျော်ရဲ့လားတဲ့
မိဘကျေးဇူးဆပ်မယ်လို့စိတ်ကူး
အိပ်မက်ကိုအကောင်အထည်ဖော်
သားလေ ဖောရိန်းမှာမပျော်နိုင်ပါဘူး.......
ဘယ်ကိုရောက်ရောက်
စည်းကမ်းမဖေါက်နဲ့ ငါ့တပည့်
မှာကြားတဲ့ ဆရာ့စကား...
ကျွန်တော်မှတ်ထားပါတယ်...
ဘာပဲကြုံကြုံ လောကီဘုံမှာ
ရတနာသုံးပါးမေ့မထားနဲ့
မိန့်ထားဖူး ရွာဦးဆရာတော်
ပျံလွန်တော်မူပြီတဲ့
သတင်းစကားသာကြား..
တပည့်တော်ကို စိတ်ချပြီလား
ဆရာတော်ဘုရား..........။
မိဘနဲ့ ဆရာသမား
ချစ်သူနဲ့ ဆွေအမျိုး
ရွာတစ်ရိုးကအပေါင်းအသင်း
ဘာဖြစ်လို့ငါမေ့မလဲ
နေ့တိုင်းပဲလွမ်း...
လွမ်းတိုင်းလည်းငို
ငိုသာငိုဘာပိုထူးမှာလဲ
အဖေ့သားပေမို့
အဝေးတစ်နေရာ နိုင်ငံခြားမှာဖြင့်
ငါဟာလေမြန်မာပြည်သား
သာကီနွယ် ဇာနည်ဖွားရယ်လို့
အားမာန်ကိုတင်းပါ့မယ်......
ကိုင်း..........ငါဟဲ့ယောင်္ကျား.........။


                               (ထာဝရ ခရီးသည်...)

No comments:

Post a Comment