Saturday, March 23, 2013

ဗာလ

အတ္တကို ဆရာတင်
အနတ္တကို ငါမမြင်
ဒုက္ခကို ဘ၀င်ဟပ်
လုပ်သမျှသာ အ၀ိဇ္ဇာဖုံးလေတော့
ပြည်နိဗ္ဗာ မဂ္ဂင်စခန်းရယ်
မှန်းဖို့လွယ်ဘူး..........။



( ထာဝရ ခရီးသည်...)
(21.3.2013 - 3:05 AM )

Friday, March 15, 2013

အသေမဦးခင်

အတ္တရယ် မိစ္ဆာခဲ
အ၀ိဇ္ဇာထဲ တ၀ဲလည်
စိတ်မှာလည်း ငါစွဲတွေမို့
ရခဲလှ ဒီလူ့ရွာမှာ
မာနနဲ့ နှစ်ပါးပြိုင်
မနားနာနိုင် ငါ့အရေးတွေကြောင့်
လယ်ထွန်ခါ နွားမေ့သလို
နယ်အကျွံမှာ တရားမေ့တာမို့
အပါယ်လွန် တံခါးတွေ့အောင်ပ
ကိုင်း..................................
အရွယ်မလွန်ခင်လေ.. တရားမွေ့ပါစို့......။

     ( ထာဝရ ခရီးသည်...)
   ( 15.3.2013- 3:13 AM )

Thursday, March 7, 2013

လောကသဘာဝ

ဆုံကြုံတွေ့ရ ဤလူ့ရွာဝယ်
လောကဓံအစုံနိမ့်မြင့်ကြုံရ
ငါလေနိမ့်ကျခဲ့ဖူးတယ်
နိမ့်ကျနေစဉ် ပါတ်ဝန်းကျင်
ပြောကြပုံဆိုး ဒီအမျိုး
အကုန်လုံးတွင် သိုးမည်းနင်တဲ့

အဆိုးတစ်ခါမကြာပါဘူး
ရွှေထီးကိုဆောင်း ဘုရင်လောင်းသို့
ငါလေ ဂုဏ်မြင့်ခဲ့ဖူးတယ်
ဂုဏ်မြင့်သောအခါပြောကြတာ
တစ်မိပေါက်လို့တစ်ယောက်ဖွား
ဒီလိုလူမျိုးရှားသတဲ့လေ.......။

ပုန်းပျက်တောင်က သိုင်းပြိုင်ပွဲ

ပုန်းပျက်တောင်.....
မှန်ပေသည်... ဂိုဏ်းချုပ်ကြီး အဘလင်း၏ ပုန်းပျက်ဂိုဏ်းတည်ရှိသော..ပုန်းပျက်တောင်.........

ပုန်းပျက်ဂိုဏ်းဆိုသည်မှာ နယ်နယ်ရရဂိုဏ်းမဟုတ်.....
သိုင်းလောက၏ ဂိုဏ်းကြီး ၇ ဂိုဏ်းတွင်ပါဝင်သော သူတောင်းစားဂိုဏ်းနှင့် ပြိုင်ဘက်.. စားမာန်ခုတ်ဘက်.. ခွက်လုဘက်..ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်..

ပုန်းပျက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး အဘလင်းမှာ သိုင်းလောကတွင်ထိပ်တန်းအဆင့် သိုင်းပညာရှင်ဖြစ်ပေသည်...

အပြောမတက်တော့ ဆဲသလို... အဆဲမတက်တော့...???


ကျွန်တော် မဆဲတက်တာ.. တစ်ချို့ဘော်ဒါတွေသိပါတယ်..
ကျွန်တော် တို့ ယောသူယောသားများ.. လုံးဝမဆဲတက်ဘူး..
မဆဲတက်ဘူးဆိုတာ ယဉ်ကျေးတာ မဟုတ်ဘူး.. ဆဲကို မဆဲတက်တာဗျ..

တစ်ခါ ရွာမှာ..ကျုပ်အမ၀မ်းကွဲတစ်ယောက်.. သူ့ကြက်လေးကို.. ရွာကလူနောက်တွေက ခိုးပြီးချက်စားလိုက်လို့....ဒေါကြီးမောကြီးနဲ့.. ထန်းတောဘက်ကို.. သွားတာ..