Thursday, March 7, 2013

လောကသဘာဝ

ဆုံကြုံတွေ့ရ ဤလူ့ရွာဝယ်
လောကဓံအစုံနိမ့်မြင့်ကြုံရ
ငါလေနိမ့်ကျခဲ့ဖူးတယ်
နိမ့်ကျနေစဉ် ပါတ်ဝန်းကျင်
ပြောကြပုံဆိုး ဒီအမျိုး
အကုန်လုံးတွင် သိုးမည်းနင်တဲ့

အဆိုးတစ်ခါမကြာပါဘူး
ရွှေထီးကိုဆောင်း ဘုရင်လောင်းသို့
ငါလေ ဂုဏ်မြင့်ခဲ့ဖူးတယ်
ဂုဏ်မြင့်သောအခါပြောကြတာ
တစ်မိပေါက်လို့တစ်ယောက်ဖွား
ဒီလိုလူမျိုးရှားသတဲ့လေ.......။

No comments:

Post a Comment