Friday, May 31, 2013

``ကျဆုံးသူ့စကား´´


ဝေနေချိန် ကြွေချိန်မတန်
အချိန်တွေပြန်မရ
ကြွေခဲ့ရ သူ့နေရာ.....

ဒီဥယျာဉ် ထာဝရ
လှတွေသာတိုးစေရယ်လို့
ဘ၀တွေသာ ဆုံးစေမယ်
ငါ့ နေရာ ပသာဒမှာတော့
လုံးဝမလှ....

အပြုံးမြရယ် ရှာမတွေ့ပေမယ့်
ငါမမေ့ပါ မေတ္တာ တရားကိုလ
သစ္စာကြား လေးရပ်ရယ်ကြောင့်
အနှစ်အကာ ခွဲကာမသိရော့တယ်
လွဲပေါ့ဖြစ်ခြင်း.....


အစွဲတော့ တကယ်မရှိပေမယ့်
မွဲတော့ဖြင့် လူမသိတယ်
ပူဘိနှယ် ငါ့မယားမှာတော့
ငါထားတယ် ၀န်မိန့်ကိုလ
ထမ်းနေလို့ ပြုံး....

ပန်းပေမယ့် ဘ၀င်မညှိုးတယ်
နင်ဆိုးတယ်ပြောလေတော့
ရင်နင့်ကာ စိတ်မှ မချိ
အ၀ိဇ္ဇာ မသိ လူ့ဘာဝပေါ်
ဂရုဏာဖော် သက်မိပေမယ့်
အခုငါနော် ဆဲချင်လို့တွေး
စစ်ခွေးသာ တကယ်ခေါ်
အမှန်နော် ငါဆဲရော့မယ်
နိမေသာရိုးချင်ပလေး.....။


(ကျဆုံးလေပြီးသော ရဲဖော်အပေါင်းတို့အား ဂုဏ်ပြုလျှက် ...)

(ထာဝရ ခရီးသည်)

No comments:

Post a Comment