Tuesday, July 16, 2013

စိတ်မရှည်

လွမ်းလွန်းလို့ ရှုမျှော်
အခုနော်ရောက်စေ
နောက်မဟေ
ငါမပြောင်းခင်
ထောက်လေငဲ့
အရင်မေတ္တာ …။ နင့်ကွယ်ရာ သစ္စာမဲ့သူလို့
ချစ်ဗလာ စကား
ပြစ်မှားမပိုနဲ့
ငါ့အနားကို နင်မရောက်ရင်
နင်သာခံ နင့်ကံပေမို့….
ငါတကယ် ထောက်ညှာဘူး
ပြောရမှာ အားနာပါရဲ့
ဒေါသသာထိန်းလေတော့
လောကမှာမိန်းမတွေ
ပေါလွန်းလို့လေး…..။

(ထာဝရ ခရီးသည်...)

No comments:

Post a Comment