Tuesday, July 16, 2013

မြင်ကွန်း မြင်းခုံတိုင် အရေးတော်ပုံ



ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့.. ကနောင်မင်းသားကြီး လုပ်ကြံခံရတာကို ပြောမှန်း လူတိုင်းသိပါတယ်...
ကနောင်မင်းသားကြီးဆိုရင် မြန်မာတိုင်း မြန်မာတိုင်း အခုချိန်ထိနှမြောမဆုံးခဲ့တဲ့ ပဒေသရာဇ်ခေတ်က အိမ်ရှေ့စံတစ်ပါးပါ...

နိုင်ငံတော်ကို ခေတ်မီ စက်မှုနိုင်ငံတော်အဖြစ်အောင်ကြိုးစားခဲ့သူ
ရှေ့ ရှေ့ အရေးတွေကို တွေးပြီး.. ရေမြှုပ်ဗုံးတီထွင်ခဲ့သူ...
ဒီဇမ္ဗူမှာ တို့မြန်မာကို ယှဉ်နိုင်တဲ့ လူမျိုး မပေါ်သေးပါဘူးကွာ..လို့ ကြွေးကြော်ခဲ့သူ...
နောင်တော် မင်းတုန်းမင်းက ဘာသာရေးမှာ လိုက်စားသလောက်..လှူဒါန်းသလောက်
ကနောင်ကိုယ်တော်ကြီးကတော့ ဗုံးတစ်လုံး လုပ်ဖို့လောက်သာ စိတ်ဝင်စားသူ...
(ကနောင်မင်သာားကြီး လှူဒါန်းဖူးတာဆိုလို့ ဇရပ်တစ်ဆောင်သာ ရှိသတဲ့)

တကယ်လည်း နှမြောသင့်ပါတယ်..

ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့တာ ၁၂၂၈-ခုနှစ်ကဆိုတော့ အခုဆိုရင် နှစ်ပေါင်း (၁၂၀)တိုင်ခဲ့ပါပြီ....

သီပေါမင်းနေရာမှာသာ ကနောင် မင်းသားကြီး မင်းဖြစ်ခဲ့ရင်..
မြင်ကွန်းမြင်းခုံတိုင်အရေးအခင်းမှာ ကနောင်မင်းသားကြီး မကျဆုံးခဲ့ရင်...ဆိုတဲ့ အတွေးတွေဟာ..
ကျွန်တော်တို့ စိတ်ထဲမှာ (နှစ်ပေါင်း ၁၂၀တိုင်သည့်အောင်) ဖျောက်ဖျက်လို့ မရနိုင်ပါဘူး......

၁၂၂၈-ခုနှစ်မှာ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး အိမ်ရှေ့စံ ကနောင်မင်းသားကြီးကျဆုံးခဲ့ပါတယ်...

မြင်ကွန်းမြင်းခုန်တိုင် ညီနောင်နှစ်ပါးဟာ..တကယ်တော့ ပြင်သစ်တို့ သြဇာခံ မင်းသားတွေပါ..
မြင်ကွန်းမင်းသားဆိုရင်.. ကနောင်မင်းသားကြီးရဲ့ တူလည်းတော်သလို..သမက်လည်းတော်ပါတယ်..
ဒီလို လုပ်ကြံရတာလည်း အင်္ဂလိပ်နဲ့ ပြင်သစ်တို့ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့်ဆိုတာ လူတိုင်းသိပါတယ်..

သူတို့ဟာ.. အရေးတော်ပုံမှာ ကနောင်မင်းသားကြီးကို လုပ်ကြံနိုင်ခဲ့ပေမယ့်... အရေးတော်ပုံမအောင်မြင်ခဲ့ပါဘူး..

သူတို့အားကိုးအားထားပြုတဲ့ ပြင်သစ် လက်အောက်ခံနိုင်နဲ့ အင်္ဂလိပ် လက်အောက်ခံနိုင်ငံအချို့မှာ နေထိုင်ခဲ့ကြရပါတယ်..
မြင်းခုံတိုင် မင်းသားကတော့ အင်္ဂလိပ် လက်အောက်ခံ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှာ ကံကုန်တယ်လို့ ဆိုပါတယ်...

မြင်ကွန်းမင်းသားကတော့ အရေးတော်ပုံမအောင်မြင်တာကြောင့် ရတနာပုံနေပြည်တော်ကနေထွက်ခွာပြီး....
အန္ဒိယနိုင်ငံ ပွန်ဒီချယ်ရီ၊ ဗာရာဏသီ၊ စမ္ပာနဂိုမြို့တွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်..
အဲဒီလို လေးမြို့လောက် ပြောင်းပြီးမှ...
ပြင်သစ်လက်အောက်ခံ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံနဲ့ (တစ်ခါတစ်ရံ)ဟနွိုင်းမှာ နေထိုင်ရပါတယ်
ပြင်သစ်နဲ့ ပေါင်းပြီး ပြင်သစ်လက်အောက်ခံနိုင်ငံတွေမှာ နေထိုင်ခဲ့ရတဲ့ မြင်ကွန်းမင်းသားဟာ..
ခေါင်းပေါ်က ယောင်ထုံးနဲ့ခေါင်းပေါင်းကလွဲပြီး..အနောက်တိုင်းဝတ်စုံကိုသာ ၀တ်ဆင်ခဲ့ရပါတယ်..
မြင်ကွန်းမင်းသား ရတနာပုံကထွက်သွားပြီးနောက်ပိုင်း မွေးရပ်မြေကို ဘယ်လိုမှ ခြေမချနိုင်တော့ပါဘူး..
သူအားကိုးခဲ့တဲ့ ပြင်သစ်တို့ ချဉ်းကပ်ပြီး ပြင်သစ်လက်အောက်ခံ နိုင်ငံတွေမှာ ပြင်သစ်အထောက်အပံ့ကိုခံယူရင်း
ဘ၀ရဲ့အကောင်းဆုံးအရွယ်ကိုဖြတ်သန်းရင်း..
နေ၀င်ခဲ့ရပါတယ်...
သူအားကိုးတဲ့ ပြင်သစ်က သူ့ကို ဆိုင်ဂုံမှာနေထိုင်တုံး.. တစ်လကို ရိက္ခာတော် ပြင်သစ်ဒင်္ဂါး တစ်ထောင် ထောက်ပံ့ပါသတဲ့..
နန်းတွင်းမှာ မင်းညီမင်းသား ဘုရားထူးခံ ခဲ့ရတဲ့ မင်းသားတစ်ပါးဟာ.. လူမျိုးခြားထာက်ပံ့မှုကို ခံယူနေရတဲ့အဖြစ်..
တွေးကြည့်ရင်.. အင်မတန်ရင်နာဖို့ကောင်းပါတယ်...

ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ နေလာခဲ့ပြီး ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖေါက်မှုကြောင့် တိုင်းတပါးလူမျိုးခြားရဲ့ ထောက်ပံ့မှုကို ခံယူရင်း..
ဘ၀ကို မထင်မရှားကုန်လွန်ခဲ့ရပါတယ်...

သူ့ရဲ့ အာဏာရူးမှုကြောင့် ရာဇပလ္လင် ထိုင်ချင်မှုကြောင့် တိုင်းပြည်အတွက် အင်မတန်အဖိုးတန်လှတဲ့.. မင်းလောင်း တစ်ပါး ဆုံးရှုံးခဲ့ရပါတယ်....

တိုင်းတစ်ပါးလူမျိုးခြားကို အားကိုး၊ လူမျိုးခြားရဲ့ အထောက်အပံ့ကိုခံပြီး.. ရာဇပလ္လင်ထိုင်ချင်မှုရဲ့ရလဒ်ပါ..
မိမိရဲ့ လုပ်ရပ် တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုးရှိမရှိ၊ မဝေဖန် မဆုံးဖြတ်......
အကောင်းအဆိုး အကြောင်းအကျိုးကို မဝေဖန်ဘဲ မိမိအာဏာရရှိရေးသာ ရှေ့တန်းတင်လွန်းသူ
ရဲ့ ဘ၀နိဂုံးဟာ လုံးဝ လုံးဝ မလှပနိုင်ပါဘူး...


(မှတ်ချက်။ ။မင်ကွန်း၊ မြင်းခုံတိုင် မင်းသားနှစ်ပါးကိုသာ ပြောသည်....ခိခိ)

No comments:

Post a Comment