Tuesday, July 16, 2013

အပျိုကြီးများ ဘဝ

မရတာ ၀န်မခံ
လှချင်ပြန် မှန်မခွာ
အပြန်တရာ ဆံပင်လိမ်းလို့
ဟန်ရေးကိုပြ....။

အသံပေးလို့ တေးဆိုတယ်
အဝေးကိုမျှော်ရ
ကလေးလို မူခဲ့ပေမယ့်
ချစ်ရေးဆို သူငဲ့ မရှိ..။

ပူလှဘိ ရင်တွင်းတော့
အဆင်သင့်နော် သူပြောရင်ပ
မူကြလို့မဆုံး...။

ရူပါတော့ တကယ်ပြင်တယ်
သူငယ်ပင် ရတော့မလို
အကြွားတော့အမှန်ပို
မလိုချင်မို့ မယူသတဲ့
လိုချင်ငဲ့ တစ်ပိုင်းသေ
မဟိုင်းခင် ပျိုဘ၀မှာ
ခါချလို့ မဆုံး...။

အမှန်ကတော့ မရတာ
လူသိမှာ စိုးတာမို့
အပူကြီးကိုဖုံး...။

လူကြီးတွေ ဆုံးမသလို
ယောင်္ကျားဆို ဝေါင်ဝေါင်ရှေးကြ
နောက် အပျို ငယ်များကို
ဆွယ်ကြတယ်လေး......။

(ထာဝရ ခရီးသည်...)

1 comment: