Tuesday, July 16, 2013

သမိန်ဗရမ်းစိတ်ဓါတ်



သမိန်ဗရမ်းအကြောင်း အားလုံးကြားဖူးကြပါတယ်..သိလည်း သိကြပါတယ်..

အင်းဝ ဟံသာဝတီ အနှစ်လေးဆယ် စစ်ပွဲအတွင်းမှာ... အင်းဝဘက်က ဖမ်းမိတဲ့ ဟံသာဝတီ သူရဲကောင်း.....

သူ့ကို သတ်ပါ.. သုံ့ပန်းအဖြစ်မနေပါရစေနဲ့.. တစ်စာစာတောင်းဆိုနေသူ..

တကယ့်အရေး တာတား တို့ ကျူးကျော်လာချိန်မှာ.. တာတားတို့ဘက်က ဂါမဏိနဲ့ စီးချင်းထိုးဖို့ အင်းဝမှာ သူရဲကောင်းမရှိတော့...

ထိုအချိန်မှာ အားလုံးက သတိရလိုက်တာ ဟံသာဝတီ သူရဲကောင်း သမိန်ဗရမ်း....



အားလုံးသိပြီးသား သမိန်ဗရမ်းနိုင်သွားခဲ့တယ်..
ဒီနေရာမှာ တွေးစရာ.. သမိန်ဗရမ်းက မွန်.. အင်းဝ ဆိုတာ ဗမာ..ဒီထက်ပို ပြောရရင်.. မွန်နဲ့ ဗမာ စစ်ဖြစ်နေတဲ့ အချိန်....အင်းဝနဲ့ ဟံသာဝတီ

သူဟာသုံ့ပန်းတစ်ယောက်.. သေလူ..သူ့ရန်သူ တိုင်းပြည်(အင်းဝ)နဲ့ တာတား(တရုတ်) တို့ စစ်ဖြစ်တာ သူ့အနေနဲ့ တွေးကြည့် အနေသာကြီး
ဒါပေမယ့် အင်းဝဘက်ကနေ သူ စီးချင်းထိုးပေးခဲ့တယ်..
ဘာကြောင့်လည်း........

အင်းဝသာ တာတားတို့ လက်ထဲ ရောက်သွားကြည့် ဟံသာဝတီလည်း မနေဘူး...ကျမှာပဲ..
နောက်တစ်ခုက အင်းဝနဲ့ ဟံသာဝတီဆိုတာ.. မွန် ဗမာဆိုပေမယ့်..တိုင်းရင်းသားတွေ.. မြို့ပြနိုင်ငံတော် အဖြစ်နဲ့ အချင်းချင်း တိုက်နေ ခိုက်နေပေမယ့်.. လူမျိုးခြားတွေနဲ့ ယှဉ်လာရင်.. ကိုယ့် လူမျိုးဘက်က ပဲ ပါဝင်ခဲ့သူ...
အရေးကြီးတော့ သွေးစည်းခဲ့သူ..

အခုချိန် မြန်မာတွေ အားလုံး သွေးစည်းရမည့်အချိန်...
ရာဇ၀င်မှာ သမိန်ဗရမ်းကြီး မွန်သော ဗမာသော မခွဲခြားခဲ့ဘူး..

အခု လူမျိုးခြားနဲ့ ယှဉ်လာခဲ့ပြီ သမိန်ဗရမ်းလို စိတ်မျိုး မထားနိုင်ကြဘူးလား..
တကယ်ပါ..တကယ့်စိတ်ရင်းနဲ့ စည်းလုံးစေချင်တာပါ...

နိုင်ငံနဲ့ လူမျိုးအတွက်ဆိုတဲ့ စိတ်လေးနဲ့ နည်းနည်းလေးလောက် စည်းလုံးကြည့်ပါလား...
သူက ဘာကြောင့် ငါက ဘယ်လို ဆိုတဲ့ စိတ်တွေ အမုန်းတွေ အာဃာတတွေ ထားနေသမျှ..မြန်မာပြည်ကြီး ကောင်းစားနိုင်မလား.....

ရာဇ၀င် အဆက်ဆက်မှာ ပြန်ကြည့်ပါ..သွေးကွဲဆုံးက မြန်မာတွေ ဆိုရလောက်အောင်သွေးကွဲတက်ကြပေမယ့်..
မြန်မာတွေ စည်းလုံးရင် အင်မတန်ကြောက်စရာကောင်းခဲ့ပါတယ်...

မြန်မာတွေ စည်းလုံးရင်. တစ်ကမ္ဘာလုံးကို မှုစရာမလိုပါဘူး..
အီရန်လည်း မမှုဘူး.ဆော်ဒီလည်း မမှုဘူး..ကြိုက်တဲ့ နိုင်ငံလာခဲ့.. .နောက်ဆုံး စူပါ ပါဝါ အန်ကယ်ဆမ်တို့ကိုတောင် မှုစရာမလိုပါဘူး...

တိုင်းပြည်နဲ့ လူမျိုးအတွက် သမိန်ဗရမ်းစိတ်လေး ထားလိုက်ကြရအောင်ဗျာ.... ဒါလေးပါပဲ..

( ထာဝရ ခရီးသည်...)

No comments:

Post a Comment