Tuesday, July 16, 2013

နိုင်ငံသား နဲ့ ပြည်တွင်းနေ


နိုင်ငံအတွင်းနေထိုင်သူ (သို့) ဧည့်နိုင်ငံသား (သို့) ပြည်တွင်းနေ
သူတို့ကို ပြည်သူအဖြစ်သတ်မှတ်မယ်.. ခေါ်ဝေါ်သုံးနှုန်းမယ် ဆိုရင် ခေါ်နိုင်တယ်
သို့သော် နိုင်ငံသား (သို့) တိုင်းရင်းသား တို့လို အခွင့်အရေးမျိုး မရနိုင်ဘူး

အကြောင်းက.. နိုင်ငံသား (သို့) တိုင်းရင်းသားတို့သည် အမိမြေကို ကာကွယ်ရန်အတွက် အဆင်သင့်ရှိနေတယ်...

သူတို့သည် သူတို့နိုင်ငံ သူတို့လူမျိုး သူတို့ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်နေသူများ ဖြစ်တယ်..

အရေးကြုံလာရင် နိုင်ငံနဲ့ လူမျိုးအတွက် အသက်ကို စွန့်ရဲသူများသာဖြစ်တယ်..
ယုတ်စွအဆုံး ဇာတိသားတို့သည် ဘယ်သောအခါမှ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကိုတော့ သစ်စာ ဖေါက်ဖို့ရည်ရွယ်ချက် မရှိတက်ကြဘူး...
လုပ်မှား ကိုင်မှား ပြောမှား ဆိုမှားကြောင့် သစ်စာ ပျက်သလိုဖြစ်သွားတက်တာမျိုး ရှိနိုင်တယ်...
(ရည်ရွယ်ချက်ရှိရှိ သစ်စ္စာဖါက်တယ်ဆိုတာ တော်တော်ဖြစ်နိုင်ခဲပါတယ်... အကယ်ရွေ့ သစ်စာဖေါက်ခဲ့တယ်ဆိုရင်တော့ သူတို့ဟာ နိုင်ငံသား မခေါ်သင့်တော့ဘူး... လို့ ဆိုရမယ်)

နိုင်ငံအတွင်းနေထိုင်သူ တို့ကတော့ သူတို့ ဇာတိရင်းတိုင်းပြည် နိုင်ငံ လူမျိုးနဲ့ ယှဉ်လာခဲ့ရင် မှီတင်းနေထိုင်နေတဲ့ နိုင်ငံအပေါ်ကို သစ်စာမဲ့တက်ကြတယ်

သူတို့ ခဏ မှီခိုနေတဲ့ ယဉ်ကျေးမှုတို့ကို ဖျက်ဆီးတက်ကြတယ်..
မဖျက်ဆီးဘူး ဆိုရင်တောင် သူတို့ရဲ့ မူရင်း ယဉ်ကျေးမှုနဲ့ ရောထွေးပစ်တက်ကြတယ်

သူတို့သည် လူနည်းစုသာလျှင်ဖြစ်နေပါစေ သူတို့နေထိုင်တဲ့ နိုင်ငံထက် သူတို့ရဲ့ လူမျိုးအနည်းစုနဲ့ သူတို့ရဲ့ ဇာတိ တိုင်းပြည် နိုင်ငံ လူမျိုးကိုသာ ပိုမို ချစ်ခင်တက်ကြတယ်..

(ဥပမာ - ကျွန်တော်တို့ ဘယ်နိုင်ငံပဲ ရောက်နေနေ ဘယ်နိုင်ငံသားပဲ ခံယူယူ
မြန်မာဘောလုံးအသင်းနဲ့ ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့နိုင်ငံ လက်ရွေးစင်အသင်းနဲ့ ကစားကြရင် မြန်မာအသင်းကိုပဲ နိုင်စေချင်သလိုပဲ ဖြစ်ပါတယ်)

ဒီတော့ သူတို့ကို လက်ရှိနေထိုင်တဲ့ နိုင်ငံရဲ့ ပြည်သူလို့ ခေါ်ဝေါ်သုံးစွဲမယ်ဆို ခေါ်နိုင်တယ် ဒါပေမယ့် နိုင်ငံသားအခွင့်အရေးတော့ လုံးဝမရနိုင်သလို ပေးလည်း မပေးသင့်ပါဘူး...
(စာရေးသူ အတွေးသက်သက်သာ ဖြစ်ပါသည်။)

(ထာဝရ ခရီးသည်...)

No comments:

Post a Comment