Tuesday, July 16, 2013

``အိပ်မပျော်တဲ့ည´´



အိပ်ချိန်ရယ်တန်ပြီမို့
တီဗွီပိတ်ကာ အိပ်ယာဝင်
မျက်လုံးအစုံအသာမှိတ်လေတော့
သူ့ပုံရိပ် စိတ်မှာထင်
ဖျောက်မရပါစိတ်တုန်လှုပ်
ဘယ်လိုများပြုစားလေတယ်
ငါ့အတွေးဝယ်ချာချာလည်
အထီးကျန်ငါ့မှာတစ်ကိုယ်တည်း
ဘယ်လူးကာညာကိုလှိမ့်
အိပ်လို့လည်းမရနိုင်ပါ
စိတ်တွေမှာခြောက်ခြား
စွဲလွန်းလှသူ့ပုံရိပ်ရယ်
ပီပြင်စွာအထင်အရှားပေမို့
တော်ပါပြီနောက်များမှာတော့
သရဲကားဆိုရင်လေ
အောင်မယ်လေး....ကြည့်တော့ပါဘူး...........။
 
(ထာဝရ ခရီးသည်...)

No comments:

Post a Comment