Tuesday, July 16, 2013

ကုလားနာတိုက်ခြင်း (၅)



မြန်မာတွေနှုတ်မညီ
အဟုတ်ပလီတဲ့အမျိုး
ရှုံ့ချည်ရယ် နှပ်ပါလို့
မျက်နှာကြီး ဟင်းဖတ်ပါ
ခွေးမျက်နှာ တစ်ရွာထင်အုံး
ကဲလို့မဆုံး....။

လူ့ခွင့်ရေး တေးလိုဆို
ကလေးငိုသလို တစ်ကျီကျီ
တကယ်အရေးဆို ခွေးတို့အတွက်
သွေးတို့ဘက် မငဲ့ပြီ
တက်မညီလှေထိုးလို့
နာယိုးမှ ရွေ့ဘူး....။

အခက်ကယ်ကြုံ
ရတက်ရယ်စုံညီတော့
ခရိုနီလူအစားရယ်
ကူကြပေါ့ စိတ်ရင်း..။

ပိန်မဖျင်းပါ
စိတ်ရင်းသာ အမှန်ပေမို့
ပြန်လေလေ အားတက်ရတယ်
နန်းရပ်ခွာခရီး...။

လှမ်းခဲ့မယ် ပြည်မြန်မာ
ဒီတစ်ခါ တစ်ပြည်ခြားဆို
စီကာထား စိန်ဝေါပေါ်
တင်လို့သာခေါ်စေအုံး
လုံးဝလိုက်ဘူး...။

အရှုံးသာပိုက် ပြန်လာမယ့်
အမှန်ပါကွယ့် အမိမြေမှာ
ရှိလေတယ် ညီနောင်ရင်းကြောင့်
တစ်စိလေ မျက်နှာမညိုရ
ထပ်ခါပို ဆင်းရဲစေတော့
ကင်းတဲမှာ အိပ်ရစေအုံး
စိတ်နေမှ ရွှေနန်းထက်ရယ်
မှတ်တော့မယ်လေး.........။

( ထာဝရ ခရီးသည်...)

No comments:

Post a Comment