Tuesday, September 17, 2013

ခလုတ်ထိမှ အမိတ


ခွဲခဲ့တာကြာပြီမို့
မေ့မယ်လို့တွေး
တွေးပေမယ့် မပြေးသာ
မွေးဌာနေ ချက်ကြွေအကြောင်းကိုတော့
မေ့လို့မရသေး

အဝေးမှာနေ ရောင်စုံကြားမှာ
မဆွေးခါတစ်လေ
အပျော်လွန်ဖူးတာမို့
လွမ်းရက်တွေကူး

လှမ်းလို့ရယ် မထူးဇာတ်ခင်းသူပ
အရင်းမှာ ခါခါလွမ်းပေမယ့်
မဟာတန်း အခြေမြင့်အောင်ငဲ့
အားခဲလို့ကြိုး

ကြိုးပေမယ့် မစားသာ
အများတကာ လူဘုံလယ်
အူတုံဖွယ် ဝိုင်းကာ သမလေမှ
အမေ တ အခုနော်
ရှုမြှော်ခဲ့ ဇာတိမြေကို
အမယ်မင်း
လွမ်းလှချည်လေးးးးး။
 
ထာဝရ ခရီးသည်...

No comments:

Post a Comment