Wednesday, September 18, 2013

သံဝေဂ

တဏှာအကြိုက်
အမိုက်လူသား
မုသားလည်းဆို
သူ့မယားလည်းခို
သေလည်းသောက်စား
မှောက်မှားကြဖြစ်ထွေ
လောဘတွေ အပိုလိုက်
ငိုလိုက်ကြ သံသရာ
အဖန်ခါသာ စုန်ဆန်ကူး
ကြုံကြဖူး ပျော်ပွဲတွေ
ဒုက္ခလည်းဝေ
မုချပဲ သေမှာမို့
မလွဲသွေ လည်ပြန်ပါ့
အော်...........
တရားရှာကိုယ်မှာတွေ့သဟဲ့
အားခဲလို့ကြိုး .......။

ထာဝရ ခရီးသည်

No comments:

Post a Comment