Sunday, September 22, 2013

အမေပြောသော ပုံပြင်များ (၁)



ဟိုး ရှေးရှးတုံးက ဧကရာဇ်ဘုရင်ကြီးတစ်ပါးရှိသတဲ့
အဲဒီ ဘုရင်ကြီးက စာပေလေ့လာလိုက်စားရတာကို ဝါသနာပါ တယ်တဲ့

တစ်နေ့တော့
ပညာရှိအမတ်ကြီးကို တာဝန်တစ်ခုပေးခဲ့တယ်
အဲဒီတာဝန်ကတော့

ကမ္ဘာပေါ်ရှိသမျှ လူမျိုး တစ်ရားတစ်ပါးရဲ့ သမိုင်းကို အမှန်တိုင်းသိချင်လို့ သမိုင်းပြုစုဖို့ တာဝန်ပေးခဲ့ပါတယ်

အမတ်ကြီးလည်း တပည့်ပေါင်းများစွာနဲ့ သမိုင်းကို ပြုစုလိုက်တာ

အချိန် ဆယ်နှစ်ကြာသွားခဲ့ပါတယ်

ပြုစုပြီးလို့ ဘုရင့်ထံဆက်သတော့
စာအုပ်တင်တဲ့ လှည်းတွေဟာ
ဆယ်မိုင်လောက်ရှည်ပါတယ်

ဒီတော့ ဘုရင်ကြီးက
သူဒီစာတွေကို မဖတ်နိုင်ကြောင်း
ဒီထက် အတိုချုံးဖို့ ပြောပြန်ရော

အမတ်ကြီးလည်း ကြိုးစားလိုက်တာ
သုံးနှစ်ကြာသွားသတဲ့

သို့သော်လည်း ဘုရင်ကြီးက ဒီစာအုပ်တွေကို မဖတ်နိုင်လောက်အောင် များတယ်လို့ ဆိုပြန်ပါတယ်
ဒီထက် တိုရမယ် တိကျရမယ် မြန်ရမယ် လို့ အမိန့်တော် ထပ်ချလိုက်တယ်

ဒီတော့ အမတ်ကြီးက ကတိ တစ်ခုပေးလိုက်တယ်
မနက်ဖြန် ရစေရမယ်တဲ့

တကယ်လည်း နောက်တစ်နေ့
ဘုရင်ကြီးကို ဆက်သနိုင်ခဲ့တယ်
စာကလည်း တိုတိုလေး

အမတ်ကြီးရေးပြီး ဆက်တဲ့စာက

သူတို့ မွေးဖွားလာခဲ့တယ်
အသက်ရှင်ဖို့ရုန်းကန်ခဲ့ကြတယ်
နောက်ဆုံးတော့
သူတို့ သေဆုံးခဲ့ကြတယ်

တဲ့

No comments:

Post a Comment