Wednesday, September 18, 2013

တို့မြန်ပြည် သာစေချင့်

တိုင်းကားပြည် သာဖို့အရေး
ငါတို့တွေးရှုမျှော်
တကယ်ပင် သာစေချင်ပါ့
အားလုံးရဲ့အတွေး။

တွေးတာနဲ့မပြီးပါ
ဘေးဟာလည်းနီးတာမို့
လွဲကြပြန်တာ
အစွဲကမှန်ကိန်းတာမို့
တိမ်းကြပေါ့အယူများ
ပူကြ ပေသေး။

သူလှတော့ ကိုယ်သ,ချင်
လူ့ဇောတွင်ထင်တာမို့
အပြုသဘောပင် မတွေးနိုင်
ဘေးထိုင်ကာ ဘုပြောရင်တော့
ဝေးနိုင်တယ် ရွှေပြည်ရေးဟာမို့
စုပေါင်းကာကြိုးပါကြငဲ့
ရုန်းကြမယ်လေး။
ထာဝရ ခရီးသည်

No comments:

Post a Comment