Tuesday, September 24, 2013

အမေပြောသော ပုံပြင်များ ( ၃ )


ဟိုးရှေးရှေးတုံးက တရုတ်ဘုန်းတော်ကြီး တစ်ပါးနဲ့ ကိုယ်ရင်တစ်ပါးဟာ တောလမ်းတစ်ခုမှာ ခရီးနှင်နေကြသတဲ့

ဒီလို ခရီးနှင်နေရင်း တစ်နေရာ အရောက် အတန်သင့် ရေစီးသန်တဲ့ ချောင်းတစ်ခုကို ရောက်လာခဲ့သတဲ့

အဲဒီချောင်းနားမှာ အဖွားအိုကြီးတစ်ယောက်နဲ့ မိန်းကလေး ငယ် တစ်သိုက်လည်း ရောက်နေသတဲ့

ချောင်းက ရေစီးသန်ပေမယ့် ယောင်္ကျားသား ဖြစ်တဲ့ ဘုန်းတော်ကြီး နှစ်ပါး နဲ့ မိန်းကလေးငယ်တွေ အတွက် ကူးရတာ မခက်ခဲပေမယ့် အဖွားကြီး အတွက်တော့ ခက်ခဲနေတာပေါ့လေ

ဒီတော့ မိန်းကလေးငယ်များက ဘုန်းတော်ကြီးကို အကူအညီတောင်းသတဲ့
သူတို့ အဖွားကို တစ်ဖက်ကမ်းရောက်အောင် ကူညီဖို့ပေါ့

ဒီတော့ ဘုန်တော်ကြီးက အဖွားကြီးကို ပွေ့ပြီး တစ်ဖက်ကမ်းကို ကူးရတာပေါ့

ဟိုဘက် ကမ်းကိုချောချော မောမော ရောက်တော့

အဘွားကြီးနဲ့ မိန်းကလေး တစ်သိုက်က ဘုန်းတော်ကြီးကို ကျေးဇူးတင်စကားတောင် မပြောဘဲ သူတို့ခရီးကို သူတို့ ရယ်ရယ်မောမောနဲ့ ဆက်သွားကြသတဲ့

ဘုန်းတော်ကြီးနဲ့ ကိုရင်လေးကလည်းသူတို့ ခရီးသူတို့ဆက်ပေါ့လေ

ကိုရင်လေးကတော့ တစ်ဗျစ်တောက်တောက်ပေါ့
ဘုန်းကြီး ခမြာ အဖွားကြီးကို ပွေ့ပြီး
ချောင်းကို ခက်ခက်ခဲခဲ အပန်းတကြီး ကူးရတာတောင် ကျေးဇူးတင်စကား ပြေညမသွားဘူး ဘာညာ ဆိုပြီး
တစ်လမ်းလုံး ပြောလာခဲ့ သတဲ့

အစကတော့ ဘုန်းတော်ကြီး က ဘာမှ မပြော ပေမယ့်
ကြာလာတော့ ဘုန်းတော်ကြီးက ကိုရင်လေးကို တစ်ခွန်း ငေါက်လိုက် သတဲ့
တစ်ခွန်းတည်းပဲ
အဲဒါက

``ဟဲ့ကိုရင် ငါက အဖွားကြီးကို ကမ်းစပ်မျာပဲ ထားချထားခဲ့ပြီ ကိုရင်က ဘာလို့ ဒီအထိ အပင်ပန်းခံ သယ်လာရတာလည်း´´
တဲ့

No comments:

Post a Comment