Wednesday, September 18, 2013

ရင်ထု မနာ

ဝမ်းရေးရယ်ရှာ
အလှမ်းဝေးကာ အခက်ပွေ
ကိုယ့်မြေမှာ ဖွေရှာခက်ပါလ
အသပြာရတတ်ရယ်ကြောင့်
ဖယ်ခွာရ ချက်ကြွေ
ဘယ်အခြေ ဘယ်သူ ခွဲချင်မတုံး
အပူခဲ ဆုပ်ကိုင်သလို
ယခုတိုင်မှ မအေး

အဝေးမှာနေ အေးပါစေဆုတောင်း
ပြုကြောင်းငဲ့ကုန်စင်
ဂဠုန်ပင်ဆားချက်သလို
မကုန်ခင်သွားခက်တာမို့
မထူးဇာတ်ခင်း ခိုကာပြေး
အိုဗာစတေး အရေးကြောင့်
အမယ်မင်း........
ဖမ်းကြပြန်သေး ။

ဖမ်းပေမယ့်မမှုပါ
အခုဟာ ဆွေအရေးမို့
နေရေးသာတွေး
မပြေးပါ အရေးဟာမလှပေမယ့်
ဝမ်းမနာ စခန်းသာလှစေရော့
ပုန်းရှောင်မယ်မနှေး

သို့သော်လည်း
မြန်တစ်ခွင် အမှန်ပင်ပြောတာက
မပြန်ချင် နေသေးသမို့
ငွေရေးမှခင်သလို
ယဉ်သကို ပြောတာက
လောဘသား အခုနော်
ဖမ်းတာပင်နည်း သတဲ့

သြော် လွမ်းတာပင်မရဲပါ့
ဖမ်းတာကို မကြောက်ပါဘူး
အနောက်မှာ ရွှေအမျိုးတွေက
မအေယိုးတွေ နည်းတယ်ဆိုတော့
အမယ်မင်း
ရင်နင့်ပါ့လေး ။ ။

( မလေးတွင် အဖမ်းခံနေရရှာသော ညီနောင်များအတွက်)

ထာဝရ ခရီးသည်

No comments:

Post a Comment