Tuesday, February 12, 2013

`` သူငယ်ချင်း တစ်ယောက်အကြောင်း....´´

ကျောင်းသားဘဝတုံးက မွတ်ဆလင် ဆားကလောက် တစ်ယောက်နဲ့ ရင်းရင်းနှီးနှီးပေါင်းဖူးတယ်..... အဲ.. အပြစ်တင် မစောတော်မူကြပါနဲ့အုံး...
အဲဒီကောင်ကို ကျွန်တော်က အလွယ်ပဲ ပေါင်ချိန်လို့ခေါ်တယ်... (မျက်နှာမဲတာကိုး).. ဒီကောင် ကျွန်တော်တို့ကျောင်းကို စရောက်တုံးကဆိုရင်..သူ့ကိုမြင်တိုင်း.. စချင်တဲ့စိတ်က ထိန်းလို့မရဘူး... စိတ်ထဲမှာ ဘယ်လို ဘယ်လို ကလိကလိဖြစ်ဖြစ်လာမှန်းကို မသိဘူး... ဒါနဲ့ မနေနိုင်တဲ့တစ်ရက်..ဒီကောင့်ကို..ကျွန်တော် ရန်စတယ်..

``ဟေ့ကောင် မင်း ဝက်သားတုတ်ထိုးစားမလား`` ဆိုပြီး..လေသံမာမာနဲ့ ပြောလိုက်တော့... အောင်မာ. ဆားကလောက်က.. မျက်နှာတစ်ချက်တည်သွားပြီး... ပြန်ပြောတယ်..

``မင်း တကယ်ကျွေးမှာလားတဲ့``... အင်း ဒီကုလားတော့... ငါ့ကို စမ်းနေပြီ.. ဒီကောင် တကယ်မစားပါဘူးဆိုပြီး... တုတ်ထိုးဆိုင်ခေါ်သွားတာ...

အာလာလာ.... တကယ်တီးတာဗျ...တုတ်ထိုးကိုစားတာမှ ဗမာထက်တောင် စားသေးတယ်.. ဆိုင်ရှင်လည်း မျက်လုံးပြူး... လာစားနေတဲ့..သူတော်ကောင်းတွေလည်း မျက်လုံးပြူး.... ဘယ်တုံးကတည်းက ငတ်နေမှန်းမသိဘူးဗျာ... ကျွန်တော့မှာ ပါတဲ့ပိုက်ဆံမလောက်လို့.. ၅၀၀ တောင်အကြွေးကျန်ခဲ့သေးတယ်... ဒါနဲ့တင်
မပြီးဘူးခင်ဗျ..ဆားကလောက်က ထပ်ပြောသေးတယ်.. ``သားကြီး ငါ့ကို ချစ်ရင် အရက်ပါတိုက်ပါ့လား`` တဲ့...
ဘုရား ဘုရား.. ဒီကအကောင်မှ.. သူမျိုဆို့ထားလို့..တုတ်ထိုးဆိုင်မှာ.. ကြွေးငါးရာ ကျန်ခဲ့ပါတယ်ဆိုမှ.. ဒင်းက အလိုက်ကန်းဆိုးမသိ အရက်ပါတိုက်ခိုင်းတယ်....
``ငါ ပိုက်ဆံမရှိတော့ဘူးကွ မင်းအမြင်ပဲ``ဆိုတော့ သေနာကျက..`` ငါ့ကို သနားရင်တိုက်ပါကွာ... ဒီအတိုင်းအိမ်ပြန်သွားရင်.. အပါး(အဖေ)က ငါ့ကို သေအောင်သတ်လိမ့်မယ်ကွ`` တဲ့..ကုလားငို လာငိုပြနေတော့..
ကိုယ် ဆတ်ဆော့မိတာဆိုတော့လည်း.. အသိအရက်ဆိုင်မှာသွားပြီး ဒင်းကို အကြွေး တိုက်လိုက်ရတယ်... မူးလာတော့ ဆားကလောက် က ကျွဲခိုးပေါ်လာတယ်.. `` ငါက တုတ်ထိုး ဆို သိပ်ကြိုက်တာကွ.. ဒီလောက် ကောင်းတဲ့အသား.. ငါမစားဘဲမနေနိုင်ဘူး... ဒါပေမယ့် စားပြီးရင် အရက်သောက်ရဒယ်ကွ... ဘာဖြစ်လို့လည်းဆိုတော့ ဝက်သားစားသွားရင်.. ပါးစပ်က အနံ့ထွက်တယ် ဒါကြောင့် အရက်နံ့လေးဖုံးပြီး.. အိမ်ပြန်ရဒါ.. မူးတာကို ခွင့်လွှတ်တယ်.. ၀က်သားစားတာ သိရင်..ငါ့ကို အပါးက သေအောင်သတ်လိမ့်မယ်တဲ့ဗျာ`` ကဲကောင်းကြသေးရဲ့လားဗျာ..
နောက်နေ့တွေမှာတော့.. ဒီကောင့်ကို တုတ်ထိုးစားအုံးမလားမေးစရာမလိုဘူး.... သူက ဦးဆောင်ပြီး ခေါ်တာ.. အဲပြီးရင်.. နှစ်ကျပ်နောက်က တစ်မတ်လိုက်ရသေးတယ်..(အရက်ပါသောက်တာ) .... ရှားရှားပါးပါး ကျွန်တော်ခင်ခဲ့တဲ့ ဆားကုလောက်ပါဗျာ.... ဒီကောင်ပြောတဲ့ စကားတော့ တစ်သက်လုံးမှတ်ထားတယ်.. ဘာတဲ့.... `` မင်းတို့ ဗမာတွေပြောတဲ့ အသီးမှာသရက်..အရွက်မှာ လဘက်... အသားမှာဝက်ဆိုတာ ငါယုံတယ်တဲ့... ဝက်သားစားရတဲ့ဘဝ လူဖြစ်ကျိုးနပ်တယ်ကွ`` ပါတဲ့ဗျာ....


                                                                                                              ( ထာဝရ ခရီးသည်... ) 

No comments:

Post a Comment