Saturday, February 2, 2013

“ ကျွန်မမှာ မိန်းမသား”


ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးမို့လို့ ဆိုပြီး အခွင့်အရေး တန်းတူမပေးပဲ ခွဲခြားနှိမ်ချခြင်း အနည်းငယ်သာ ရှိပေမဲ့ တစ်ချို့ကိစ္စတွေမှာ ကန့်သတ်မှုတွေ ရှိနေပါသေးတယ်။ ကန့်သတ်မှု မရှိရင်တောင် မိန်းကလေး မို့လို့ အားနွဲ့ပါတယ် ဆိုပြီး ကိုယ့်ကိုကိုယ် အားငယ်စိတ် ၀င်နေတတ်ကြ တာက ပိုပြီး စိတ်ဓါတ်အင်အားကို ချိနဲ့စေပါတယ်။
ယနေ့ကမ္ဘာမှာ လူဦးရေ တိုးပွားလာမှု၊ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ်ကျ ရောက်ခြင်း စသည့် အကြောင်းများကြောင့် စားနပ်ရိက္ခာ မလောက်င
ခြင်းတွေ ဖြစ်နေကြချိန်မှာ ယခင်ကလို

အိမ်ထောင်ဦးစီး တစ်ယောက်ထဲ ၀င်ငွေနဲ့ တစ်မိသားစုလုံး စားဝတ်နေရေး မပြည့်စုံတော့ပါဘူး။ မြန်မာ အမျိုးသမီးများ အနေနဲ့လည်း အိမ်ထောင်ထိမ်းသိမ်း ၊ သားသမီးပြုစုစောင့်ရှောက်ခြင်း ဆိုတဲ့ အိမ်တွင်းမှာပဲ ဘ၀ကို မြုတ်နှံမထားသင့်ပါဘူး။ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တိုင် လူချင်းအတူတူ ဘယ်သူကမှ ဘယ်သူ့ထက် အလိုလိုနေ၇င်း ပိုပြီး မမြင့်မြတ်ပါဘူး လို့ ဟောကြားခဲ့သလိုပါပဲ။ ကျွန်မတို့ မိန်းမသားအဖြစ် မွေးဖွားလာကြတာ အလိုလိုနေ၇င်း နိမ့်ကျ မသွားပါဘူး။
မိန်းမသားလဲ လူပါပဲ။ ယောင်္ကျားသားလည်း လူပါပဲ။ လူချင်း တူပေမဲ့ အချို့နေရာမှာ နစ်နာတာခြင်း တူရင်တောင် မိန်းမသားက ပိုနစ်နာပါတယ်။ သဘာဝတရားကြီးကကို ခွဲခြားထားပေးထားတဲ့ အားနည်းချက်ပါ။ အချို့မိန်းကလေးတွေကတော့ အလှမာန၊ အရွယ်မာနနဲ့ “ဘာသားနဲ့ထုထားတာလည်း တို့နဲ့ တွေ့ရင် သိက္ခာမဆယ်နိုင်ပါဘူး” ဆိုပြီး အမျိုးကောင်းသား တွေကို မာယာနဲ့ မြူဆွယ်ကြပြန်တော့ အမျိုးသားတွေလဲ နစ်နာပါတယ်။
နေရာတကာ မိန်းမသားပဲ ဆိုတဲ့ စိတ်နဲ့ အရာရာ ပျော့ညံ့နေပြန်ရင်လည်း ယနေ့ခေတ် အနေအထားအရ မိမိကိုယ်ကို မိမိ အတတ်နိုင်ဆုံးစောင့်ေ၇ှာက်ရမယ် သူများတစ်ဖက်သားကို ၀န်ထုတ် ၀န်ပိုးဖြစ်နေစေလို့ မရတော့ပါဘူး။ မောင်တစ်ထမ်း မယ်တစ်၇ွက် ခေတ်ရောက်တာ ဆယ်စုနှစ် အတော်ကြာပါပြီ။ လူချင်းအတူတူ ဇွဲ၊ လုံ့လ နဲ့ ကြိုးစားအားထုတ်မှု လုပ်ရင် တန်းတူ အခွင့်အရေး ရရှိမှာပါ။
ဒါတောင်မှ ကျွန်မ တို့မိန်းမသားတွေ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပုံစံဖြည့်ရင် အဖအမည်ပဲ ဖြည့်နေရတုန်းပါပဲ။ တကယ်ဆို သားသမီးဆိုတာ မိန်းမသားတွေ မွေးရတာဖြစ်လို့ အဖအမည်ကို ငြင်းလို့ ရချင်ရမယ်။ အမိအမည်ကတော့ ဘယ်လိုမှ ငြင်းလို့ မ၇တာပဲ။ နောက်ပြီး ဖခင်ပစ်သွားလို့ မိခင်က လူလားမြောက်အောင် မွေးတဲ့ရာခိုင်နှုံးနဲ့ မိခင်မရှိပဲ ဖခင်တစ်ယောက်ထဲ သားသမီးကို လူလားမြောက်အောင် မွေးနိုင်တဲ့ ရာခိုင်နှုံး အဆမတန် ကွာခြားပါတယ်။
“ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်သည်” ဆိုတာ သားသမီးတစ်ယောက် လူလားမြောက် ကြီးပြင်းလာဖို့ဆိုတာ မိခင်က အဓိကပဲ လို့ သာဓက ပြထားတာပါ။
“အမိမဲ့သား ရေနည်းငါး” လို့တောင် မိခင်မရှိပဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေကို ရေနည်းငါး နဲ့ ဥပမာပေးကြတာပါပဲ။
ဒါကြောင့် လူ့ပတ်ဝန်းကျင် လောကကြီး ဆက်လက်တည်မြဲဖို့ မိန်းမသားတွေက အဓိက ကျပါတယ်။ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်မှာ နေထိုင်စားသောက်တတ်ဖို့လည်း သင်ပြပေးဖို့ တာဝန်ရှိပါတယ်။ အိမ်တွင်းမှုနဲ့ မီးဖိုချောင်မှာပဲ အချိန်ကုန်မခံကြစေပဲ လူသား တစ်ယောက်ပီပီ ထက်မြက်သော စွမ်းဆောင်ရည် မြင့်သော မိန်းမသားများ ဖြစ်ကြဖို့ မကောင်းတဲ့ အားနည်းချက်တွေကို ပြင်ကြပါစို့.....
(တကယ်တော့ ဒါကျွန်တော်ရေးတာ မဟုတ်ပါဘူး Face Book ပေါ်က Ma Ma May Myanmar
ရေးထားတာပါ.. ကြိုက်လွန်းလို့ တင်လိုက်ပါတယ်.....)
 

No comments:

Post a Comment