Friday, February 1, 2013

ဗုဒ္ဓဘာသာတွေ ဘာသာခြားမသွားအောင် တားဆီးဖို့ ကျွန်တော်တို့ ဒီထက်ပိုကြိုးစားရပါမယ်...

ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်....
သူ့မျိုးရိုးကဗုဒ္ဓဘာသာမျိုးရိုး... ဘုန်းတော်ကြီးကျောင်း မှာကြီးပြင်းခဲ့တဲ့ သူပါ.... ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း တွေထဲက တစ်ယောက်ပေါ့... သူအချိန်တန်လို့ အိမ်ထောင်ကျတော့ ၇၈၆ ကုလားမလေးနဲ့ အိမ်ထောင်ကျပါတယ်...... ဒါကို ကျွန်တော်သိတော့ သူ့ကို အတန်တန် သတိပေးပါတယ်... မင်း ဘာသာလုံးဝမပြောင်းနဲ့နော် လို့ တစ်ဖွဖွပြောပါတယ်... သူကလည်း အေးပါကွာ ငါသိပါတယ်လို့ပဲ ပြောခဲ့ပါတယ်... ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့လေသံ

ပျော့လာပါတယ်... မှန်ပါတယ်... သူ့ ယောက္ခမ ကအစ ယောက်ဖ အဆုံး သူ့ကို ဖိအားပေးနေပါတယ်.. သောကြာနေတိုင်း ဗလီတက်ဖို့ပေါ့လေ... ကျွန်တော် သူ့ကို တွေ့တိုင်းမေးပါတယ်.. မင်း ၇၈၆ ဖြစ်ပြီလားလို့... သူကတော့ အမြဲလိုလိုဖြေတယ် မဖြစ်သေးပါဘူးတဲ့.... ငါ့စိတ်ထဲမှာ ရတနာသုံးပါးအမြဲရှိပါတယ်တဲ့.... တစ်ရက်တော့ သူကျွန်တော့်ကိုလာခေါ်တယ်.. လဘက်ရည်သောက်ရအောင်တဲ့.... သူငယ်ချင်းနှစ်ယောက် လဘက်ရည်ဆိုင်မှာ အေးအေးဆေးဆေး စကားပြောဖြစ်တော့ သူကကျွန်တော့်ကိုပြောတယ် ယောက်ဖ ငါ့ကို ခွင့်လွှတ်တော့ကွာတဲ့ .... ငါအခု ဗလီတက်နေရပြီတဲ့.... ဒီတော့ကျွန်တော်ပြောလိုက်တယ်... မင်း မွတ်ဆလင်ဖြစ်သွားပြီပေါ့လို့ သရဏဂုံပျက်ပြီပေါ့လို့ပြောတော့... သူက ငါဘုရားတရားကို မမေ့ပါဘူး... ဒါပေမယ့် ငါ့မိန်းမ အသိုင်းအဝိုင်း ရဲ့ ဖိအားကို မခံနိုင်ဘူးတဲ့... ကျွန်တော်ပြောလိုက်မိပါတယ်.. မင်းနေရာ ငါဆိုရင်တော့ အသေသာခံသွားမယ်... မွတ်ဆလင်တော့အဖြစ်မခံဘူးလို့... မင်း ကြီးပြင်းလာတာ ဘုန်းကြီးကျောင်း မင်း နေထိုင်လာတဲ့ ပါတ်ဝန်းကျင်ကလည်း ဗုဒ္ဓဘာသာစစ်စစ်တွေ ဒါကိုမင်း ဒီလိုလုပ်တယ်ဆိုတော့ မင်းအစားငါရှက်တယ်.လို့ပြောလိုက်ပါတယ်...
ဒီတော့ သူမျက်နှာငယ်သွားတယ်ဗျ...ဒါပေမယ့်ပြောစရာရှိတာတော့ ဆက်ပြောလိုက်ပါတယ်.... မင်း လက်မထောင်ပြီး အသေသာခံမယ် ငါဟာဗုဒ္ဓဘာသာဟေ့လို့ ကြွေးကြော်နိုင်မှ ငါ့ဆီလာခဲ့တော့လို့.... ဒီနေ့ကစပြီး မင်းမူဆလင်ဖြစ်နေသရွေ့ ငါ့ကိုလမ်းမှာတွေ့လည်း နှုတ်မဆက်နဲ့တော့လို့ပြောလိုက်ပါတယ်..နောက်ပြီး ကျွန်တော့်အိတ်ထဲမှာပါတဲ့ ပိုက်ဆံအားလုံးကို သူ့ကိုပေးလိုက်ပါတယ်.. သူမပြေလည်မှန်းသိလို့ပါ. ပြောလိုက်ပါသေးတယ်... မူဆလင်တစ်ယောက်ကို ကူညီထောက်ပံ့တာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲလို့.. နောက်ရက်တွေမှာ သူ့မိန်းမရဲ့ ဆမူစာသုပ်ဆိုင်လေးမှာ သူ့ကိုတွေ့ပါတယ်..သူကလည်းကျွန်တော့်ကို နှုတ်မဆက်ရဲသလို့ ကျွန်တော်ကလည်း နှုတ်ဆက်ချင်စိတ်မရှိတော့ပါဘူး.... ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားတာပါ... သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားတာထက် .... ဗုဒ္ဓဘာသာ တစ်ယောက် အယူဝါဒပြောင်းသွားတာကို ပိုပြီးရင်နာပါတယ်.... ဒါဟာ ကျွန်တော့်မှာ တာဝန်မကင်းဘူးလို့လည်းခံစားရပါတယ်.. ကျွန်တော်ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ...ဘယ်လောက်ပဲ လက်ခမောင်းခတ်နေပါစေ... ကိုယ့်သူငယ်ချင်းတစ်ယောက် ဘာသာပြောင်းသွားတာကို မတားဆီးနိုင်ခဲ့ပါဘူး.....ဘာသာခြားတစ်ယောက်ကို မစည်းရုံးနိုင်ခင်မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်က ဘာသာခြားသွားတာကို ဘာမှမတက်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရတာပါ.... ကျန်တဲ့သူတွေကို ကျွန်တော်တို့ဘယ်လိုတားဆီးကြမလဲ... ကျွန်တော်တို့ သတိထားရမယ့်အခြေအနေပါ.... ပိုပြီးရင်နာရတာက ဗုဒ္ဓဘာသာစစ်စစ်တွေရဲ့ ပါတ်ဝန်းကျင်မှာ နေထိုင်လာတဲ့ လူတစ်ယောက် အလွယ်တကူ ဘာသာခြားသွားတာကိုပါပဲ... ကျွန်တော်သူ့ကို ဘာကြောင့် မတားဆီးနိုင်ခဲ့တာလဲ... နောက်ထပ်နောက်ထပ် သူငယ်ချင်းတွေကိုရော.. သူငယ်ချင်းမဟုတ်တဲ့သူတွေကိုရော နောက်မျိုးဆက်သစ်တွေကိုရော..ကျွန်တော်တို့တားဆီးနိုင်မှာလား... ဒါဟာ ကျွန်တော်တို့ကို စိန်ခေါ်လိုက်တဲ့ အကြီးမားဆုံးစိန်ခေါ်မှုကြီးပါပဲ... (တကယ့်အဖြစ်အပျက်ဖြစ်ပါတယ်...လက်ရှိအဲဒီသူငယ်ချင်းလည်း သက်ရှိထင်ရှားရှိပါတယ်..) ဗုဒ္ဓဘာသာတွေ ဘာသာခြားမသွားအောင် တားဆီးဖို့ ကျွန်တော်တို့ ဒီထက်ပိုကြိုးစားရပါမယ်... ပိုပြီးလုပ်ပြရပါမယ်... ဒီဖြစ်ရပ်က ကျွန်တော့အတွက်တော့ သင်္ခန်းစာပါပဲ......


                                                                                          ( ထာဝရ ခရီးသည်...) 

No comments:

Post a Comment