Wednesday, February 6, 2013
စုပေါင်းဆွေးနွေး တိုင်ပင်ပေး..ငါတို့ဘာသာပြန့်ပွားရေး...(၂)
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များ စုပေါင်းတိုင်ပင် ဆွေးနွေးကြဖို့အတွက်.. ကျွန်တော်တို့ရဲ့.. ဘာသာတရားက သတ်မှတ်မထားပါဘူး..
ဘယ်နေ့ ဘယ်ရက်တွေမှာ.. စုဝေးရမယ်.. မစုဝေးရင် ဘာဖြစ်မယ်ဆိုတာမျိုးလည်းမရှိပါဘူး...
ဘုရားရှိခိုးချင်မှ ရှိခိုးပါ... မရှိခိုးလို့ ကုသိုလ်မရတာပဲရှိမယ်.. ဘုရားမရှိခိုးရင်.. ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာမျိုး.. ဘာသာတရားကလည်း မသတ်မှတ်ပါဘူး.... (တိုက်တွန်းတာပဲ ရှိပါတယ်..)..
ဘုရားရှိခိုးပြီးမှ အိပ်တာ ကောင်းလားမကောင်းဘူးလားလို့မေးရင်
.. လူတစ်ရာကို မေးရင်.. တစ်ရာလုံးက ကောင်းပါတယ်လို့ဖြေပါလိမ့်မယ်.... ဒါပေမယ့် အဲဒီ လူတစ်ရာလုံး.. တစ်ကယ် ဘုရားရှိခိုးပြီးမှ အိပ်လားဆိုရင်တော့......
တစ်ချို့သော ပုဂ္ဂိုလ်များသာ.. အိပ်ယာဝင်ဘုရားရှိခိုးကြပါလိမ့်မယ်.... တစ်ချို့သော သူများကတော့.. ဒီအတိုင်း ထိုးအိပ်လိုက်ပါလိမ့်မယ်...အဲ...ကျန်တဲ့သူတွေကတော့ ရှိခိုးတယ်လို့ပြောနိုင်ရုံ ၀တ်ကျေတန်းကျေရှိခိုးကြပါတယ်.......
ဒီလိုပါပဲ.... ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ.. စုပေါင်းတိုင်ပင်ဆွေးနွေးဖို့ သတ်မှတ်မထားပါဘူး ..ဒါပေမယ့်.. ဒီလိုစုဝေးတာ ကောင်းလားမကောင်းဘူးလား........ ???????
ဘာသာအတွက် သာသနာအတွက်... တစ်ပါတ်မှာတစ်ရက် တစ်ရက်မှာ တစ်နာရီလောက် အချိန်ပေးကြပါ... လူမှုရေးအသင်းအဖွဲ့..
တွေ့..ဆွမ်းလောင်းသင်းတွေရှိပါတယ်.. အဲဒီအသင်းအဖွဲ့တွေကနေတစ်ဆင့် စုပေါင်း ဘုရားရှိခိုးတာမျိုး လုပ်သင့်ပါတယ်....တကယ်တော့ ဒါက မခက်ပါဘူး... အဲ..ခက်နေတာက.. လုပ်ချင်စိတ်ရှိဖို့ပါပဲ.....
အသင်းအဖွဲ့အနေနဲ့.. မလုပ်ဖြစ်တောင်.. ယောင်္ကျားလေးများ. မိန်းကလေးများ..သူငယ်ချင်း အချင်းချင်း.. တွေကြဆုံကြတဲ့အခါ.... ဘာသာရေးဆွေးနွေးပေးကြရင်လည်း... ကောင်းပါတယ်...
(တစ်ချို့.. လူငယ်များကတော့ တရားစကားပြောလိုက်ရင် ဘုန်းကြီးဝတ်တော့မှာ လားမေးကြပါတယ်... ဒါဟာ.. ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး...)
စုပေါင်းဆွေးနွေးတယ်ဆိုလို့ တစ်ခမ်းတစ်နားကြီး လုပ်စရာမလိုပါဘူး... (လုပ်နိုင်ရင်တော့ကောင်းတာပေါ့) ရဟန်းတော်များဦးဆောင်ပြီး.. လုပ်မယ်ဆိုရင်တော့ . လူငယ်မှ မဟုတ်ဘူး.. လူလတ်.. လူကြီးအကုန်ပါလာမှာပါ... တရားပွဲတွေ ကျင်းပကြတယ်...ဒါလည်း စုဝေးခြင်းတစ်မျိုးပါပဲ... ဒါပေမယ့်.. ဆွေးနွေးတာတော့ မဟုတ်ဘူးပေါ့...
တရားပွဲဆိုလို့... ဗုဒ္ဓဘာသာနိုင်ငံမှာ တရားပွဲတွေ ပွဲမိန့်တောင်းရတာ..သိပ်သဘာဝမကျဘူးလို့ထင်ပါတယ်..(အခုတော့ တောင်းရသေး လားမသိတော့ဘူး) ...မွတ်ဆလင်တွေ သောကြာနေ့ ဗလီမှာစုဝေးတယ်.. သူတို့ဘာသာရဲ့ထုံးစံပဲဆိုပြီး..လွှတ်ထားတယ်.. ဗုဒ္ဓဘာသာ တွေ တရားပွဲလုပ်တယ်... ပွဲမိန့်တောင်းရတယ်... ကောင်းကြသေးရဲ့လား...
တရားပွဲအချိန်နဲ့ .. ကိုရီးယားကားလာတဲ့အချိန်နဲ့တိုက်နေလို့... တရားနာပရိတ်သတ် နည်းနည်းလေးပဲရှိတာလည်း ကြုံဖူးတယ်...
ရံဖန်ရံခါ ကြုံရတဲ့ တရားပွဲတောင် အချိန်မပေးနိုင်တဲ့..ကျွန်တော်တို့တွေဟာ.. ပုံမှန် အချိန်ပေးပြီး စုဝေးဖို့ဆိုတာတော့ တော်တော်မလွယ်တာပါ...ဒါပေမယ့်... ခုနကပြောတဲ့ လုပ်ချင်စိတ်ပါပဲ.. အားလုံးမှာသာ လုပ်ချင်စိတ်ရှိမယ်ဆိုရင် ဖြစ်လာမှာပါ...လုပ်ချင်စိတ်ရှိအောင်လည်း နှိုးဆော်ရမယ်..... ကိုယ့်ပါတ်ဝန်းကျင်ကို စည်းရုံးရမယ်...
ဘာသာခြားတွေကအရှိန်အဟုန်နဲ့ လုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ ပေါ့ဆနေလို့မရပါဘူး..... ကျွန်တော်တို့ သူတို့ထက် ပိုပြီး ကြိုးစားရပါမယ်.... ကျွန်တော်တို့ စုပေါင်းဆွေးနွေးတိုင်ပင်ကြခြင်းဟာ... ဘာသာရေးအဓိကရုဏ်းအတွက် မဟုတ်ပါဘူး.. ကိုယ့်ဘာသာအကြောင်း ကို လူတွေပိုသိအောင်.. ကိုယ့်ဘာသာရဲ့တန်ဖိုးကို လူတွေပိုသိအောင်... ဒီထက်ပိုပြောရရင်... ကိုယ့်ဘာကို ကာကွယ်နိုင်အောင် ဗုဒ္ဓဘာသာအချင်းချင်း ညီညွတ်အောင်.. စုပေါင်းဆွေးနွေးကြခြင်းဖြစ်ပါတယ်...
ထပ်ပြောပါ့မယ့် အချိန်ပေးနိုင်သလောက်ပေးကြပါ... လုပ်နိုင်သလောက်လုပ်ကြပါ... ဒါဟာ..ကိုယ့်ဘာသာပြန့်ပွားဖို့.. ကိုယ့်ဘာသာ ကို ကာကွယ်ဖို့လုပ်တာပါ..... ဒါလေးပါပဲ...
((ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ ထွန်းရမည်....... သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပါတ်ကမ္ဘာတည်ရမည်))
( ထာဝရ ခရီးသည်... )
Labels:
ရေးမိ ရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment